အမိဖတ်ဖို့

မျှော်တိုင်းခေါင်တဲ့ မိုး (သို့မဟုတ်) အမိထံ ပေးစာ

ဒီမှာအမိ
ဘာအရေး ညာအရေး ငါမခွဲခြားတတ်ပါဘူး
ဘယ်ဘေးကို ရှောင်ဖို့ ဘယ်ဘောင်ကို ငါကတားရမှာလဲ
အလင်းရဲ့ အရောင်ပြန်ဟပ်တတ်မှုကို ထည့်မပြောချင်လောက်အောင်ပါပဲကွာ

တစ်နေရာတည်း ကွက်ပြီး ရွာချတာမျိုးတော့ မဖြစ်သင့်လေဘူး။

အမိတို့ဆီမှာ
အလုံးအရင်းနဲ့ ခမ်းနားနေလိုက်ကြတာ
ငါငေးမောမိရဲ့
ငါ မနာလိုစိတ်များတောင် ၀င်မိရဲ့
သို့ပေမယ့်ကွာ…
အရာအလုံးစုံက မင်းတို့အတွက်ချည်းမဖြစ်သင့်လေရဲ့။

အမိရေ….
ငါက စကားတောင် ပီအောင်မပြောတတ်တဲ့ကောင်
လူစင်လေးတော့ မီပါရစေ
ညချမ်းအတွက် အလှဘွဲ့ လေးများ သီပါရစေလား။

မချင့်မရဲဖြစ်မိလေရဲ့ အမိရယ်
အသုံးမ၀င်တဲ့ လျှပ်စစ်ပစ္စည်းအပိုတွေ စုလာတယ်
ကာဗွန်ဒိုင်အောက်ဆိုက်ရနံ့တွေ များလာတယ်
ကမ္ဘာနဲ့ယှဉ်ပြီးပြောရရင်တော့ ငါတို့အိမ်က မီးခိုးပိုထွက်တယ်။

ဒီလိုပါပဲအမိ
ဘယ်ကိုဦးတည်လို့ ဘယ်အရပ် ဘယ်နှစ်ရပ်မှန်းမသိ
ဘယ်ဘေးကိုရှောင်ဖို့ ငါတို့ဘယ်ဘောင်ကို မတားနိင်တာ
မျှတမှုရှိလောက်ပါရဲ့နော်။

အမိတို့ဖွင့်လှစ်ခဲ့ကြတဲ့ စက်ခလုတ်တွေ
ငါကြည်နူးမိလေရဲ့
ငါအားတက်မိလေရဲ့
ငါတို့အတွက်များလား….
ငါတို့အလှည့်များလား…….
ငါတို့မျှော်လင့်မိနေရဲ့
ငါတို့တွေ ငေးမောမိနေလေရဲ့။ ။

ဇာဏီ

  • Spread The Love
  • Digg This Post
  • Tweet This Post
  • Stumble This Post
  • Submit This Post To Delicious
  • Submit This Post To Reddit
  • Submit This Post To Mixx

0 Response to “အမိဖတ်ဖို့”

Leave a Reply

Lorem Ipsum

Lorem

Sponsors

 
© 2010 Bravo
Converted by Ritesh Sanap | Sponsored by Downloaddeck.com Powered by Giant Themes
This template is brought to you by : allblogtools.com | Blogger Templates